ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်သို့ရောက်မှသာ ထာဝရဘုရားအဖို့ ဤကဲ့သို့သောပသခါပွဲကို ဂျေရုဆလင်မြို့တွင် ကျင်းပခဲ့ကြခြင်းဖြစ်၏။
တရားဟော 16:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။ Common Language Bible သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န၌ ချက် စား ပြီး လျှင်၊ မိုး သောက် သော်၊ အိမ် သို့ ပြန် သွား ခွင့် ရှိ ကြ၏။ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ပြန်သွားရမည်။ |
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်သို့ရောက်မှသာ ထာဝရဘုရားအဖို့ ဤကဲ့သို့သောပသခါပွဲကို ဂျေရုဆလင်မြို့တွင် ကျင်းပခဲ့ကြခြင်းဖြစ်၏။
ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။
ပသခါပွဲတော်အတောအတွင်း ဂျေရုဆလင်မြို့၌ ယေရှုရှိတော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာတို့ကို မြင်ရသဖြင့် ကိုယ်တော်၏နာမတော်ကိုယုံကြည်ကြ၏။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
ထိုပသခါယဇ်ကို အီဂျစ်ပြည်မှသင်ထွက်လာသောအချိန်ဖြစ်သည့် ညနေနေဝင်ချိန်မျိုးတွင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌သာ ပူဇော်ရမည်။