သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော မည်သည့်မြို့၌မျှ ပသခါယဇ်ကို မပူဇော်ရ။
``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မြို့ ရွာ များ အ တွင်း ပ သ ခါ ယဇ် ကို မ ပူ ဇော် ရ ဘဲ၊
သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြို့အရပ်ရပ်တို့တွင် ပသခါယဇ်ကို ပူဇော်ရသော အခွင့်ရှိသည်မဟုတ်။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
ခုနစ်ရက်ပတ်လုံး သင်၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကို မတွေ့မြင်ရစေနှင့်။ ပထမနေ့၊ နေဝင်ချိန်၌ပူဇော်သောယဇ်ကောင်၏အသားကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ထိုပသခါယဇ်ကို အီဂျစ်ပြည်မှသင်ထွက်လာသောအချိန်ဖြစ်သည့် ညနေနေဝင်ချိန်မျိုးတွင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌သာ ပူဇော်ရမည်။