သင်၏ပွဲတော်၌ သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် ဝမ်းမြောက်ရမည်။
သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
သား၊ သ မီး၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ဂါ မ ဝါ သီ လေ ဝိ ဂိုဏ်း သား၊ တံ ခါး အ တွင်း ဝင် နေ သူ၊ ဖ သက် ဆိုး၊ မု ဆိုး မ တို့ ပါ ထို ပွဲ သ ဘင်၌ အား ရ ရွှင် လန်း ကြ လော့။
ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသောလေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
သင်တို့သည် သန့်ရှင်းသောပွဲတော်ကျင်းပသည့်ည၌ကဲ့သို့ သီချင်းဆိုရမည်။ အစ္စရေးလူမျိုးတို့၏ကျောက်ဆောင်ဖြစ်သော ထာဝရဘုရား၏တောင်သို့ ပလွေမှုတ်လျက်သွားသောသူကဲ့သို့ စိတ်နှလုံးဝမ်းမြောက်ခြင်းရှိမည်။
ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
ငါတို့၏မျက်စိရှေ့တွင်ပင် အစားအစာပြတ်လပ်လေပြီ မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်တွင်လည်း ဝမ်းမြောက်ရွှင်လန်းခြင်း ဆိတ်သုဉ်းလေပြီ မဟုတ်လော။
သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
သို့ပြုလျှင် သင်တို့တွင် အမွေဝေစုမရသောလေဝိအမျိုး၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် လာပြီး ဝလင်စွာစားနိုင်မည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်အားကောင်းချီးပေးတော်မူမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်သည် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်ရက်ပတ်လုံး ပွဲတော်ကျင်းပရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အသီးအနှံအားလုံး၊ သင်ပြုသောအမှုဟူသမျှကို ကောင်းချီးပေးတော်မူ၍ သင်သည် အလွန်ဝမ်းမြောက်ရလိမ့်မည်။
သင်နှင့်သင်၏အိမ်သူအိမ်သားတို့အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ကောင်းမြတ်သောအရာရှိသမျှတို့အတွက် သင်မှစ၍ လေဝိအမျိုး၊ သင့်တွင်ရှိသောတိုင်းတစ်ပါးသားတို့အတူတကွ ဝမ်းမြောက်ရမည်။
အစဉ်ဝမ်းမြောက်ကြလော့။