သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။
တရားဟော 15:8 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မတွန့်တိုဘဲ ထိုသူလိုအပ်သည့်အရာကို လုံလုံလောက်လောက် ရက်ရက်ရောရောချေးငှားပေးရမည်။ Common Language Bible စေတနာထား၍သူလိုသမျှကိုချေးငှား လော့။- Garrad Bible ထို နွမ်း ပါး သူ သား ချင်း အား၊ အ လို ဆ န္ဒ ပြည့် ရန် လုံ လောက် အောင်၊ လက် လွယ် စွာ ချေး ငှါး ရ မည်။ Judson Bible သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။ |
သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်အား မှီခိုနေရလျှင် သူ့အား တိုင်းတစ်ပါးသား၊ သို့မဟုတ် ဧည့်သည်ကဲ့သို့ ထောက်မရမည်။ သင်နှင့်အတူ နေထိုင်ခွင့်ပေးရမည်။
သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
ပြန်လည်ရရှိမည်ဟုမျှော်လင့်လျက် သူတစ်ပါးအားသင်တို့ချေးငှားလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အပြစ်သားတို့ပင်လျှင် မူလပမာဏအတိုင်းပြန်လည်ရရှိရန် သူတို့အချင်းချင်းချေးငှားကြ၏။
သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့ကို ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။