၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
တရားဟော 15:5 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့ သင့်အား ငါမှာကြားသော ဤပညတ်တော်ရှိသမျှကို လိုက်နာစောင့်ထိန်းမှသာ ထိုကောင်းချီးများကိုရရှိမည်။ Judson Bible ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။ |
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်အပိုင်ပေးတော်မူသောပြည်၌ ထာဝရဘုရားသည် သင့်ကို အမှန်ပင်ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်၌ နွမ်းပါးသောသူ ရှိမည်မဟုတ်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်သည် လူမျိုးများစွာတို့အား ချေးငှားရလိမ့်မည်။ ချေးယူရမည်မဟုတ်။ သင်သည် လူမျိုးများစွာတို့ကို အုပ်စိုးရလိမ့်မည်။ သူတို့သည် သင့်ကို အုပ်စိုးရမည်မဟုတ်။
အကျွန်ုပ်သည် သေသူအတွက်ဝမ်းနည်းကြေကွဲစဉ် ထိုအရာကို မစားပါ။ မစင်မကြယ်ဖြစ်နေစဉ် ထိုအရာကို မထိပါ။ သေသောသူအတွက် ထိုအရာကို မပူဇော်ပါ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူသမျှအတိုင်း အကျွန်ုပ်ပြုပါပြီ။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။