သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
တရားဟော 14:8 - မြန်မာ့စံမီသမ္မာကျမ်း ဝက်သည် ခွာကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ Common Language Bible ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။ Garrad Bible ဝက် လည်း၊ ခွာ ကွဲ၍ စား မြုံ့ မ ပြန် သော ကြောင့် သင် တို့ အ ဖို့ မ သန့် သည့် အ လျောက်၊ အ သား ကို မ စား ရ။ အ သေ ကောင် ကို လည်း မ ထိ ကြ ရ။ Judson Bible ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ |
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
ထာဝရဘုရားက “ဥယျာဉ်ထဲသို့သွားရန် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီး တစ်ယောက်ယောက်နောက်သို့လိုက်သွားသောသူနှင့် ဝက်သား၊ ကြွက်သား စသည့် ရွံရှာဖွယ်တို့ကိုစားသောသူတို့သည် အတူတကွပျက်စီးရလိမ့်မည်”ဟု မိန့်တော်မူ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သောတိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။
သို့သော် စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့ထဲမှ သင်တို့စားခွင့်မရှိသောအကောင်များကား ကုလားအုတ်၊ တောယုန်၊ ရှာဖန်ယုန် တို့ဖြစ်၏။ အကြောင်းမူကား ထိုအကောင်တို့သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်။
ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်၏။ ရေချိုးပြီးသောဝက်သည် ရွှံ့တွင်ပြန်လူးတတ်၏ဟူသော မှန်ကန်သည့်ဆိုရိုးစကားအတိုင်း ထိုသူတို့၌ဖြစ်ပျက်လေပြီ။