မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
တရားဟော 14:3 - မြန်မာ့စံမီသမ္မာကျမ်း စက်ဆုပ်ရွံရှာဖွယ်ရာတစ်စုံတစ်ခုကိုမျှ သင်မစားရ။ Common Language Bible ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။- Garrad Bible ရွံ ရှာ ဖွယ် ရာ မည် သည် ကို မျှ မ စား ကြ နှင့်။ စား အပ် သော တိ ရ စ္ဆာန် မျိုး မှာ Judson Bible စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစားရ။ |
မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မြေကြီးပေါ်ရှိ တိရစ္ဆာန်အပေါင်းတို့ထဲမှ သင်တို့စား၍ရသောတိရစ္ဆာန်ဟူမူကား
မည်သည့်တွားသွားသတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ထိုသတ္တဝါတို့အားဖြင့် သင်တို့ကိုယ်သင်တို့ မစင်မကြယ်ဖြစ်အောင်၊ ညစ်ညူးအောင်မပြုနှင့်။
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။
ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
စင်ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် စင်ကြယ်ကြ၏။ သို့သော် ညစ်ညူး၍ ယုံကြည်ခြင်းမရှိသောသူတို့အတွက်မူကား မည်သည့်အရာမျှ မစင်ကြယ်သည်သာမက သူတို့၏စိတ်နှလုံးနှင့်အသိစိတ်တို့သည်လည်း ညစ်ညူးကြ၏။