သမင်၊ ဒရယ်အသားကို စားသကဲ့သို့ စားခွင့်ရှိ၏။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။
သင်တို့အပေါင်းသည်သမင်ဒရယ်သားကိုစား ခွင့်ရှိသကဲ့သို့ ဘာသာရေးထုံးတမ်းအရ စင်ကြယ်သူဖြစ်စေ၊ မစင်ကြယ်သူဖြစ်စေ ထိုအသားကိုစားခွင့်ရှိသည်။-
သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့် ရှိကြ၏။
နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။
သမင်၊ ဒရယ်၊ ဆတ်၊ ဆိတ်ရိုင်း၊ တောင်ဆိတ်၊ တောဆိတ်၊ သိုးရိုင်း တို့ဖြစ်၏။
ထိုအကောင်ကို သင်၏မြို့တံခါးအတွင်း၌ စားရမည်။ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။