သူသည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၍ အစ္စရေးလူမျိုးကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
တရားဟော 12:13 - မြန်မာ့စံမီသမ္မာကျမ်း တွေ့လေရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်မိစေရန် သင့်ကိုယ်သင်သတိပြုလော့။ Common Language Bible သင်တို့သည်ကြိုက်ရာဌာန၌ယဇ်ပူဇော် ခြင်းကိုမပြုရ။ Garrad Bible သင် တို့ ရှု မြင် ရာ အ ရပ် ရပ်၌ မီး ရှို့ ရာ သ က္ကာ များ ကို မ ပူ ဇော် ရန် သ တိ မူ လျက်၊ Judson Bible တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။ |
သူသည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၍ အစ္စရေးလူမျိုးကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား
ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်မှတစ်ပါး မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင် စသည်တို့ကိုပူဇော်ရန် အခြားသောယဇ်ပလ္လင်တည်ခြင်းအားဖြင့် ထာဝရဘုရားကိုပုန်ကန်သောအမှု၊ ယနေ့ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားသောအမှုတို့သည် ငါတို့နှင့်ဝေးပါစေ”ဟု ဆိုကြ၏။