သူတို့သည် စခန်းထဲတွင် မောရှေနှင့် ထာဝရဘုရား၏သန့်ရှင်းသောသူဖြစ်သည့်အာရုန်ကို ငြူစူကြသောအခါ
တရားဟော 11:6 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။ Common Language Bible ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။- Judson Bible ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသောဥစ္စာပစ္စည်းများကို၊ ဣသရေလအမျိုးသားတို့အလယ်၌၊ မျိုကြောင်းကိုလည်းကောင်း မသိမမြင်သော သင်တို့၏သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ်ကြလော့။ |
သူတို့သည် စခန်းထဲတွင် မောရှေနှင့် ထာဝရဘုရား၏သန့်ရှင်းသောသူဖြစ်သည့်အာရုန်ကို ငြူစူကြသောအခါ
မြေသည် ကွဲအက်လျက် ဒါသန်ကိုမျို၍ အဘိရံနှင့်အပေါင်းပါတို့ကို ဖုံးအုပ်လေ၏။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
ဤအရပ်သို့သင်တို့ရောက်သည့်တိုင်အောင် တောကန္တာရ၌ သင်တို့အတွက် မည်သို့ပြုတော်မူခဲ့ပုံ၊
အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။