ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
တရားဟော 11:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သင်တို့အား ထိတ်လန့်ကြောက်ရွံ့သောသဘောကို သင်တို့နင်းသမျှသောမြေ၌ ကျရောက်စေတော်မူမည်။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။'' Garrad Bible သင် တို့ အ တွက် ကြောင့် ကြောက် ရွံ့ ထိတ် လန့် သော သ ဘော ကို နင်း သ မျှ သော အ ရပ် ရပ် သို့၊ က တိ တော် အ တိုင်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သွင်း တော် မူ မည် ဖြစ်၍ မည် သူ မျှ သင် တို့ ရှေ့ မ ခံ မ ရပ် နိုင် ချေ။ Judson Bible သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။ |
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။
သူတို့၏ရှင်ဘုရင်များကိုလည်း သင့်လက်သို့ အပ်တော်မူသဖြင့် သင်သည် သူတို့၏အမည်များကို မိုးကောင်းကင်အောက်မှ ဖျောက်ဖျက်ပစ်လိမ့်မည်။ သူတို့ကို မဖျက်ဆီးမီအထိ သင့်ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
သူတို့အား “ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်း၊ သင်တို့ကို ကျွန်မတို့ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြောင်း၊ ဤပြည်သားအပေါင်းတို့သည် သင်တို့ကြောင့် စိတ်အားလျော့လျက်ရှိကြောင်း ကျွန်မသိပါ၏။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။