နေနှင့်လတည်နေသရွေ့ လူတို့သည် ကိုယ်တော်ကို မျိုးဆက်အစဉ်အဆက်ကြောက်ရွံ့ကြပါစေသော။
တရားဟော 11:21 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်တို့၏နေ့ရက်၊ သင်တို့သားမြေးတို့၏နေ့ရက်သည် မြေကြီးအထက် ကောင်းကင်နေ့ရက်ကဲ့သို့ များပြားလိမ့်မည်။ Common Language Bible သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။'' Garrad Bible သို့ မှ မြေ ကြီး အ ထက် ကောင်း ကင် နေ့ ရက် တာ ရှည် သည့် နည်း တူ၊ သင် တို့ နေ့ ရက် တာ နှင့် သား သ မီး တို့ နေ့ ရက် တာ သည် ပေး မည် ဟု ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် ရှည် လျား လိမ့် မည်။ Judson Bible သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။ |
နေနှင့်လတည်နေသရွေ့ လူတို့သည် ကိုယ်တော်ကို မျိုးဆက်အစဉ်အဆက်ကြောက်ရွံ့ကြပါစေသော။
သူ၏သားသမီးတို့သည် ငါ၏တရားကိုစွန့်ပယ်၍ ငါ၏စီရင်ထုံးဖွဲ့ချက်များအတိုင်း မလိုက်လျှောက်ကြလျှင်လည်းကောင်း၊
အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊ အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
ငါ့သား၊ နားထောင်လော့။ ငါ့စကားကိုခံယူလော့။ သို့ပြုလျှင် သင့်အသက်တာ၏နှစ်ကာလတို့သည် များပြားလိမ့်မည်။
အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။
ထိုအရပ်၌ ရက်အနည်းငယ်သာအသက်ရှင်ပြီးသေသွားသော နို့စို့ကလေး၊ သက်တမ်းစေ့မနေရသော လူကြီး ဟူ၍ရှိတော့မည်မဟုတ်။ အသက်တစ်ရာအရွယ်၌ကွယ်လွန်သောသူကို လူငယ်ဟုသာမှတ်ရမည်။ အသက်တစ်ရာမနေရသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ နို့နှင့်ပျားရည်စီးသောထိုပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ကြရမည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်၍ ကောင်းစားလိမ့်မည်။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။