တရားဟော 11:21 - Common Language Bible21 သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible21 သို့ မှ မြေ ကြီး အ ထက် ကောင်း ကင် နေ့ ရက် တာ ရှည် သည့် နည်း တူ၊ သင် တို့ နေ့ ရက် တာ နှင့် သား သ မီး တို့ နေ့ ရက် တာ သည် ပေး မည် ဟု ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် ရှည် လျား လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်တို့၏နေ့ရက်၊ သင်တို့သားမြေးတို့၏နေ့ရက်သည် မြေကြီးအထက် ကောင်းကင်နေ့ရက်ကဲ့သို့ များပြားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။