ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
တရားဟော 10:18 - မြန်မာ့စံမီသမ္မာကျမ်း ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။ Common Language Bible မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။- Garrad Bible မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး မ စား။ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ အ မှု ကို တ ရား သ ဖြင့် စီ ရင် သည့် ပြင်၊ ဝင် နေ သူ တို့ အား လည်း မြတ် နိုး ၍၊ အ စား အ သောက် အ ဝတ် များ ကို ပေး သ နား တော် မူ သော ဘု ရား ဖြစ် တော် မူ ၏။ Judson Bible မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသောဘုရား ဖြစ်တော်မူ၏။ |
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
ထာဝရဘုရားသည် နှိပ်စက်ခြင်းခံရသူ အပေါင်းတို့အတွက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။
ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍ ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
ဘုရားသခင်သည် အထီးကျန်သောသူတို့အား အတူနေထိုင်ရန်မိသားစုကိုပေး၍ အချုပ်အနှောင်ခံရသောသူတို့ကို ကောင်းစားရာသို့ပို့ဆောင်တော်မူ၏။ ငြင်းဆန်သောသူတို့မူကား ပူပြင်းခြောက်သွေ့သောအရပ်၌နေထိုင်ကြရ၏။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားအား နိုင်ထက်စီးနင်းမပြုရ၊ မညှဉ်းဆဲရ။
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်အား မှီခိုနေရလျှင် သူ့အား တိုင်းတစ်ပါးသား၊ သို့မဟုတ် ဧည့်သည်ကဲ့သို့ ထောက်မရမည်။ သင်နှင့်အတူ နေထိုင်ခွင့်ပေးရမည်။
သင်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လျှင် ထာဝရဘုရားက အကျွန်ုပ်တို့အား ကျေးဇူးပြုသည့်ကောင်းသောအရာများဖြင့် အကျွန်ုပ်တို့သည် သင့်အား ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။