မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
တရားဟော 1:27 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မိမိတို့၏တဲများ၌ ညည်းတွားကြလျက် ‘ထာဝရဘုရားသည် ငါတို့ကိုမုန်းတီးသောကြောင့် အာမောရိလူမျိုးတို့၏လက်သို့အပ်ခြင်းဖြင့် ငါတို့ကို ဖျက်ဆီးဖို့ အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပါသည်တကား။ Common Language Bible သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို မ နှစ် မြို့ သော ကြောင့် အာ မော ရိ လူ မျိုး လက် တွင်း သို့ အပ် နှင်း၍ ဖျက် ဆီး အံ့ သော ငှါ၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ လေ စွ။ Judson Bible ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့ လက်၌အပ်လိုသောငှာ၊ အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်တကား။ |
မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။
သို့မဟုတ်လျှင် အကျွန်ုပ်တို့ကို ကိုယ်တော်ထုတ်ဆောင်လာခဲ့သည့်ပြည်မှ လူတို့က “ထာဝရဘုရားသည် သူတို့အား ကတိထားသည့်ပြည်သို့ ပို့ဆောင်ရန်မတတ်နိုင်သောကြောင့်၊ သူတို့ကိုမုန်းတီးသောကြောင့် တောကန္တာရထဲ၌ သူတို့ကိုကွပ်မျက်ရန် ထုတ်ဆောင်တော်မူခဲ့၏”ဟု ဆိုကြပါလိမ့်မည်။