ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
တရားဟော 1:13 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၊ အသိဉာဏ်ရှိသောသူ၊ အသရေရှိသောသူတို့ကို သင်တို့၏မျိုးနွယ်ထဲမှ ရွေးချယ်လော့။ ထိုသူတို့ကို သင်တို့၏အကြီးအမှူးအဖြစ် ငါခန့်ထားမည်’ဟု ငါပြောခဲ့၏။ Common Language Bible သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။- Garrad Bible အ သ ရေ ရှိ လျက်၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် နှင့် ပြည့် စုံ သော သူ တို့ ကို အ နွယ် များ အ လိုက် ရွေး အပ် ကြ လော့။ အ အုပ် အ ချုပ် အ ဖြစ် ငါ ခန့် ထား မည် ဟု ဆို လျှင်၊ Judson Bible ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊ |
ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
သင်တို့၏ပြဿနာ၊ သင်တို့၏ဝန်ထုပ်ဝန်ပိုးနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ငါတစ်ယောက်တည်း မည်သို့တာဝန်ယူနိုင်မည်နည်း။