ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
တောလည် 9:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ မိုးတိမ်သည် ကိန်းဝပ်တော်မူရာဌာနကို အစဉ်မပြတ်ဖုံးလွှမ်းလျက်၊ ညအချိန်တွင် မီးသဏ္ဌာန်ကဲ့သို့ဖြစ်လျက် နေ၏။ Garrad Bible အ ခါ ခပ် သိမ်း လွှမ်း မိုး သော တိမ် တိုက် သည် ညဉ့် တိုင်း မီး သ ဏ္ဌာန် ဖြစ်၏။ Judson Bible ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုးတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး
ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။
ဘုရားသခင်သည် လမ်းခရီး၌ သင်တို့ရှေ့မှကြွလျက် သင်တို့စခန်းချဖို့နေရာကို စူးစမ်းတော်မူ၍ သင်တို့သွားရမည့်လမ်းကို ညအချိန်၌ မီးအားဖြင့်၊ နေ့အချိန်၌ မိုးတိမ်အားဖြင့် ပြပေးတော်မူခဲ့၏။
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။