နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
တောလည် 8:12 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့သည် မိမိတို့၏လက်ကို နွားထီးပျိုတို့၏ခေါင်းပေါ်၌တင်ရမည်။ လေဝိအမျိုးတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ထာဝရဘုရားထံ ပူဇော်ရမည်။ Common Language Bible ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။ Garrad Bible လေ ဝိ အ နွယ် သား တို့ လည်း နွား ပေါက် များ ဦး ခေါင်း ပေါ် တွင် လက် တင် ကြ ပြီး နောက် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ လေ ဝိ အ နွယ် သား တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန် ထာ ဝ ရ ဘု ရား ရှေ့ ဆက် ကပ် လော့။ Judson Bible လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။ |
နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်။
ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကိုလည်းကောင်း မိမိတတ်နိုင်သည့်အတိုင်း ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၍ ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သတ်ရမည်။
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
လူထုထဲမှသက်ကြီးဝါကြီးတို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားထီး၏ခေါင်းပေါ်တွင် တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
သူသည် နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်သို့ ဆွဲခေါ်လာ၍ မိမိလက်ကို နွားထီး၏ခေါင်းပေါ်၌ တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ဤနေ့ရက်၌ပြုသည့်နည်းတူ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
တစ်ဖန် မောရှေက အာရုန်အား “ယဇ်ပလ္လင်သို့ချဉ်းကပ်လော့။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သင်၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်ကိုပူဇော်၍ သင့်အတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့။ လူတို့၏ပူဇော်သက္ကာကိုလည်း ပူဇော်၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့”ဟု ဆို၏။
ပူဇော်သက္ကာအဖြစ် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်၊
ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကို ပူဇော်ရမည်။
သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ့သားတို့၏ရှေ့၌ရပ်စေ၍ သူတို့ကို ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
သူတို့သည် နွားထီးပျိုတစ်ကောင်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်ကို ယူဆောင်လာရမည်။ သင်သည်လည်း အပြစ်ဖြေရာယဇ်အတွက် နွားထီးပျိုနောက်တစ်ကောင်ကို ယူလာရမည်။
ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။