တောလည် 8:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား Common Language Bible ထာဝရဘုရားသည်မောရှေအား၊- Garrad Bible တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ မီး ခုံ တော် မျက် နှာ စာ လင်း စေ ရန် ဆိုင် ရာ မီး ခု နစ် ခွက် ကို တင် ထွန်း ရ မည့် အ ကြောင်း အာ ရုန် အား ဆင့် ဆို လော့ ဟု မိန့် မှာ တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊ |
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
သူတို့၏ဘိုးဘေးအမျိုးအနွယ်ထဲမှ လေဝိအမျိုးတို့ကိုကား သူတို့နှင့်အတူ မရေတွက်ပေ။
မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်အထက် ခေရုဗိမ်နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။
“မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။