ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
တောလည် 6:9 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် သူ့အနားတွင် ရုတ်တရက်သေဆုံးသွားလျှင် နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုညစ်ညူးစေရာရောက်၏။ သူသည် မိမိအတွက် သန့်စင်ခြင်းနေ့ဖြစ်သော ခုနစ်ရက်မြောက်သောနေ့၌ ခေါင်းကိုရိတ်ရမည်။ Common Language Bible နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။- Garrad Bible အ နီး တွင် တစ် စုံ တစ် ယောက် ရှောင် တ ခင် သေ သ ဖြင့် သီး ခြား သော ဦး ခေါင်း မ သန့် ရာ ရောက် ခဲ့ လျှင် သန့် ရာ ရောက် သော သ တ္တ မ နေ့ တွင် ဦး ဆံ ရိတ် လျက်၊ Judson Bible သူ့အနားမှာ တစ်စုံတစ်ယောက်သောသူသည် ချက်ချင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။ |
ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
ခုနစ်ရက်မြောက်သောနေ့၌ သူသည် မိမိအမွေးရှိသမျှကိုရိတ်ရမည်။ မိမိ၏ဆံပင်၊ မုတ်ဆိတ်မွေးနှင့် မျက်ခုံးမွေးတို့မှစ၍ အမွေးရှိသမျှတို့ကို ရိတ်ရမည်။ မိမိအဝတ်ကိုလျှော်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
နာဇရိလူသည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုရိတ်၍ ရိတ်ထားသောဆံပင်ကို ယူပြီး မိတ်သဟာယယဇ်အောက်ရှိ မီးထဲသို့ ထည့်ရမည်။
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
ခုနစ်ရက်ကာလပြည့်လုနီးသောအခါ အာရှပြည်မှလာသောဂျူးလူမျိုးအချို့တို့သည် ပေါလုကို ဗိမာန်တော်၌တွေ့ကြလျှင် လူထုပရိသတ်အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေ၍ သူ့ကိုဖမ်းဆီးကာ
သူ့ကို သင့်အိမ်သို့ခေါ်လာရမည်။ သူသည် ဆံပင်ရိတ်၍ လက်သည်းခြေသည်းညှပ်ရမည်။