ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
တောလည် 6:27 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့အပေါ် ငါ၏နာမတော်ကိုတည်စေ၍ ငါသည် သူတို့ကိုကောင်းချီးပေးမည်”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့၌ ငါ၏ နာ မ ကို ထို သို့ တည် စေ ကြ လျှင် ငါ လည်း ကောင်း ကြီး ပေး မည် ဟု မိန့် တော် မူ၏။ Judson Bible ဣသရေလအမျိုးသားတို့အပေါ်မှာ ငါ့နာမကိုမြွက်ဆို၍တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းချီးမင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။ |
ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
ငါ့နာမဖြင့်သမုတ်သောငါ့လူမျိုးတော်တို့သည် မိမိတို့၏ဆိုးညစ်သောလမ်းမှပြန်လှည့်ပြီး ကိုယ်ကိုနှိမ့်ချလျက် ငါ့မျက်နှာကိုရှာပြီး ဆုတောင်းလျှင် ကောင်းကင်ဘုံမှ ငါနားညောင်းမည်။ သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်ပြီး သူတို့ပြည်ကို ချမ်းသာစေမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ သူ့ကိုကျေးဇူးတော်ဖြင့် ဒိုင်းကာကဲ့သို့ ဝန်းရံကာကွယ်ထားတော်မူ၏။
ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူမည်ဖြစ်၍ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
ကောင်းချီးပေးမည့်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ကိုယ်တော်သည် ကောင်းချီးပေးတော်မူသည်ဖြစ်၍ ထိုကောင်းချီးကို ငါမပြောင်းလဲနိုင်။
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
သင့်အပေါ် ထာဝရဘုရား၏နာမတော်တည်ကြောင်း မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။