ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
တောလည် 5:29 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောတရား ဖြစ်၏။ မယားသည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေသဖြင့် Common Language Bible အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။- Garrad Bible သင်္ကာ ရှင်း ရာ တ ရား ကား ထို သို့ တည်း။ လင် ရှိ မိန်း မ သည် လင့် ဝတ် အောက် နေ လျက် သွေ ဖီ၍ ရှုတ် ချ ခံ သော် လည်း ကောင်း၊ Judson Bible ဤရွေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ |
ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားရှိသောမိန်းမသည် ဖောက်ပြန်၍ မိမိယောက်ျားအပေါ် သစ္စာမဲ့သဖြင့်
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။
ထိုအခါ ယဇ်ပုရောဟိတ်က ထိုမိန်းမအား ‘သင်သည် အခြားယောက်ျားနှင့်မေထုန်ပြုခြင်းမရှိလျှင်၊ သင်သည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်ညစ်ညူးခြင်းမရှိလျှင် ကျိန်ဆဲခြင်းကိုဖြစ်စေသည့် ဤခါးသောရေအားဖြင့်သင့်ရောက်မည့် အပြစ်ဒဏ်နှင့်ကင်းလွတ်စေ။
သို့သော် ထိုမိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိဘဲ စင်ကြယ်သည်ဆိုလျှင် သူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်၍ သားသမီးထွန်းကားလိမ့်မည်။
လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင် ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း ထိုမိန်းမကို စီရင်ရမည်။