ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
တောလည် 5:25 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာကို ထိုမိန်းမ၏လက်မှ ယူ၍ ထာဝရဘုရားရှေ့တော်၌ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ချီလွှဲပြီးလျှင် ၎င်းကို ယဇ်ပလ္လင်သို့ ယူဆောင်လာရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။- Garrad Bible ပ ရော ဟိတ် သည် သင်္ကာ ရှင်း ရာ ဘော ဇဉ် သ က္ကာ ကို မိန်း မ လက် မှ ယူ၍ ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် လျက် ပူ ဇော် ရာ ပ လ္လင် တော် သို့ ဆောင် သွင်း ပြီး လျှင်၊ Judson Bible ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်းပူဇော်သကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊ |
ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။
ထို့နောက် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ထိုမိန်းမအားတိုက်ရမည်။ ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ရေသည် ထိုမိန်းမထဲသို့ဝင်သွားသောအခါ ခါးသီးခြင်းကို ဖြစ်စေလိမ့်မည်။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုဘောဇဉ်ပူဇော်သက္ကာကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ပြီးနောက် ကျိန်ခြင်းရေကို ထိုမိန်းမအား တိုက်ရမည်။