သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။
တောလည် 4:41 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်သော ဂေရရှုန်မျိုးနွယ်စု၏အရေအတွက် ဖြစ်၏။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ဂေ ရ ရှုံ့ အ ဆက် အ နွယ် တို့ တွင် တွေ့ ဆုံ ရာ တဲ တော် နှင့် စပ် လျဉ်း၍ အ စေ ခံ သူ၊ မော ရှေ နှင့် အာ ရုန် တို့ ရေ တွက် ရ လူ ပေါင်း ကား ထို မျှ ပင် တည်း။ Judson Bible ဤသူတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်နေရသော ဂေရရှုန်အဆွေအမျိုးသားပေတည်း။ |
သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။
သူတို့ကို မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်ရာတွင် လူပေါင်းနှစ်ထောင်ခြောက်ရာသုံးဆယ် ရှိ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။