ရွှေယဇ်ပလ္လင်ကိုလည်းကောင်း၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ တဲတော်အဝင်ဝလိုက်ကာကိုလည်းကောင်း၊
တောလည် 4:11 - မြန်မာ့စံမီသမ္မာကျမ်း ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။ Common Language Bible ရွှေယဇ်ပလ္လင်ကိုအပြာထည်ဖြင့်ဖုံးပြီးလျှင် အပြာထည်အပေါ်တွင်နူးညံ့သောသားရေ ထည်ဖြင့်အုပ်ထားရမည်။ ထိုနောက်ထမ်းပိုး များကိုလျှိုထားရမည်။- Garrad Bible ပူ ဇော် ရာ ရွှေ ပ လ္လင် တော် ပေါ် တွင် အ ပြာ ထည့် ခင်း ပြီး လျှင် ဖျံ ရေ အုပ် လျက်၊ ထမ်း ပိုး များ လျှို ခြင်း၊ Judson Bible ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းပိုးတို့ကိုလျှိုထားရမည်။ |
ရွှေယဇ်ပလ္လင်ကိုလည်းကောင်း၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ တဲတော်အဝင်ဝလိုက်ကာကိုလည်းကောင်း၊
နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။
ထိုဆီမီးခုံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို တဟာရှသားရေဖုံးနှင့်ထုပ်၍ ထမ်းစင်ပေါ်တင်ရမည်။
သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရာတွင် အသုံးပြုသည့် အမှုတော်နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကိုယူပြီးလျှင် အပြာရောင်အဝတ်နှင့်ထုပ်၍ တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီး ထမ်းစင်ပေါ်တင်ရမည်။
ကန့်လန့်ကာပေါ်၌ တဟာရှသားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။