သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
တောလည် 4:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုဆီမီးခုံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို တဟာရှသားရေဖုံးနှင့်ထုပ်၍ ထမ်းစင်ပေါ်တင်ရမည်။ Common Language Bible မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။ Garrad Bible ဖျံ ရေ အိတ် တွင် ထည့် လျက် ထမ်း ပိုး လျှို ခြင်း၊ Judson Bible ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းပိုးကိုတပ်ရမည်။ |
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရာတွင် အသုံးပြုသည့် အမှုတော်နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကိုယူပြီးလျှင် အပြာရောင်အဝတ်နှင့်ထုပ်၍ တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီး ထမ်းစင်ပေါ်တင်ရမည်။
ကန့်လန့်ကာပေါ်၌ တဟာရှသားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
အပြာရောင်အဝတ်ကိုယူပြီး မီးထွန်းရန်အတွက် ဆီမီးခုံမှစ၍ ဆီမီးခုံ၏မီးခွက်များ၊ မီးညှပ်များ၊ မီးကျီးခံဗန်းများနှင့် ဆီမီးခုံနှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆီအိုးရှိသမျှတို့ကို ဖုံးအုပ်ရမည်။