တောလည် 4:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား Common Language Bible ထာဝရဘုရားကမောရှေအား၊ Garrad Bible မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ Judson Bible တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊ |
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
သူတို့သည် ငါ၏သန့်ရှင်းရာဌာနတော်တွင် အိမ်တော်တံခါးစောင့်များ၊ အိမ်တော်အမှုကိုဆောင်ရွက်သူများ စသော အမှုထမ်းများဖြစ်ရမည်။ သူတို့သည် လူတို့အဖို့ မီးရှို့ရာယဇ်ကောင်ကိုသတ်၍ ပူဇော်ပေးရမည်။ လူတို့ရှေ့တွင်ရပ်၍ သူတို့၏အမှုကို ဆောင်ရွက်ပေးရမည်။
ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။