ဧလာဇာ ကွယ်လွန်ချိန်ထိ သားမရှိ၊ သမီးများသာ ရှိ၏။ ဧလာဇာ၏သမီးတို့သည် သူတို့၏ဆွေမျိုးသားချင်းဖြစ်သော ကိရှ၏သားတို့နှင့် စုံဖက်ကြ၏။
တောလည် 36:8 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်ထဲတွင် အမွေပိုင်ဆိုင်သောအမျိုးသမီးတိုင်းသည် မိမိဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်နှင့်သာစုံဖက်ရမည်။ သို့မှသာ အစ္စရေးအမျိုးသားတို့သည် မိမိဘိုးဘေးတို့၏အမွေကို အသီးသီး ပိုင်ဆိုင်ရလိမ့်မည်။ Common Language Bible ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊- Garrad Bible ဣ သ ရေ လ အ နွယ် တစ် နွယ် နွယ်၌ အ မွေ စု ကို ဆက် ခံ သော သ မီး တိုင်း လည်း ဘိုး ဘေး တို့ ပိုင် စု ကို ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ ပိုင် မြဲ ပိုင် စေ ခြင်း ငှါ ကိုယ့် အ နွယ် ချင်း နှင့် သာ အိမ် ထောင် ဘက် ပြု စေ။ Judson Bible ဣသရေလအမျိုး တစ်စုံတစ်မျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့မိစဉ်ဘဆက် အမျိုးသားနှင့် စုံဖက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့မိစဉ်ဘဆက် အမွေမြေကိုခံစားရကြမည်။ |
ဧလာဇာ ကွယ်လွန်ချိန်ထိ သားမရှိ၊ သမီးများသာ ရှိ၏။ ဧလာဇာ၏သမီးတို့သည် သူတို့၏ဆွေမျိုးသားချင်းဖြစ်သော ကိရှ၏သားတို့နှင့် စုံဖက်ကြ၏။
အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။