ဇလောဖဒ်၏သမီး မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောအာသည် မိမိတို့ဘကြီးဘထွေးတို့၏သားနှင့် စုံဖက်ကြ၏။
တောလည် 36:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယောသပ်၏သားဖြစ်သော မနာရှေ၏သားမြေးတို့မျိုးနွယ်စုနှင့်သာ စုံဖက်ကြ၏။ ထို့ကြောင့် သူတို့၏အမွေသည် သူတို့ဘိုးဘေးမျိုးနွယ်စု၏အမျိုးအနွယ်၌ တည်လေ၏။ Common Language Bible သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။ Judson Bible ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဖက်ခြင်းအမှုကိုပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက် အမျိုးတည်နေ၏။ |
ဇလောဖဒ်၏သမီး မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောအာသည် မိမိတို့ဘကြီးဘထွေးတို့၏သားနှင့် စုံဖက်ကြ၏။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
ဇလောဖဒ်သမီးတို့အတွက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား ဤသို့ဖြစ်၏။ သူတို့သည် မိမိနှစ်သက်သောသူနှင့်စုံဖက်ခွင့်ရှိ၏။ သို့သော် သူတို့စုံဖက်သောသူသည် သူတို့ဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှသာ ဖြစ်ရမည်။
တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။