အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 36:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောသပ်​သားမြေး​တို့​၏​မျိုးနွယ်စု​ဖြစ်​သော မနာရှေ​၏​သား​မာခိရ​၊ မာခိရ​၏​သား​ဂိလဒ်​နှင့် ဂိလဒ်​သား​တို့​၏​မျိုးနွယ်စု​ထဲမှ အိမ်ထောင်စု​အကြီးအမှူး​တို့​သည် မောရှေ​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​ခေါင်းဆောင်​တို့​ထံသို့ လာ​၍

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​သပ်​၏​မြစ်၊ မ​နာ​ရှေ​၏​မြေး၊ မာ​ခိ​ရ​၏ သား​ဂိ​လဒ်​သား​ချင်း​စု​မှ​အိမ်​ထောင်​ဦး​စီး တို့​သည် မော​ရှေ​နှင့်​အ​ခြား​ခေါင်း​ဆောင်​တို့ ထံ​သို့​လာ​၍၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို နောက် ယော သပ် သား တို့၏ အ ဆက် အ နွယ် များ အ နက် မ နာ ရှေ့ မြေး၊ မာ ခိ ရ သား၊ ဓိ လဒ် အ ဆက် အ နွယ် တွင် အိမ် ထောင် များ အ အုပ် အ ချုပ် တို့ သည် မော ရှေ မှ စ၍ ဣ သ ရေ လ အိမ် ထောင် များ အ အုပ် အ ချုပ် ဖြစ် သူ အ ကြီး အ ကဲ တို့ ထံ ချဉ်း ကပ် လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယော​သပ်​အ​မျိုး​ဖြစ်​သော မ​နာ​ရှေ​နှင့် မာ​ခိ​ရ​တို့​မှ ဆင်း​သက်​သော ဂိ​လဒ်၏​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ မော​ရှေ​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ထံ​သို့​လာ၍၊

အခန်းကိုကြည့်ပါ။



တော​လည် 36:1
7 ပူးပေါင်းရင်းမြစ်များ  

ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ ခေါင်းဆောင်​နှင့်​လူထု​အပေါင်း​တို့​ရှေ့​တွင် ရပ်​လျက်


“​စင်စစ် ဇလောဖဒ်​သမီး​တို့​၏​တောင်းလျှောက်​ချက်​မှာ သင့်လျော်​၏​။ သူ​တို့​ဖခင်​၏​ညီအစ်ကို​များ​ထဲ​မှ သူ​တို့​ပိုင်ဆိုင်​သော​အမွေ​ကို သူ​တို့​အား ပေး​ရ​မည်​။ သူ​တို့​ဖခင်​၏​အမွေ​ကို သူ​တို့​အား လွှဲပြောင်း​ပေး​ရ​မည်​။