ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
တောလည် 34:13 - မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း အစ္စရေးအမျိုးသားတို့အား “ဤသည်ကား အမျိုးအနွယ်ကိုးနွယ်နှင့် အမျိုးအနွယ်တစ်ဝက်တို့အား ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မဲဖြင့်ခွဲ၍ သင်တို့အမွေဆက်ခံရမည့်မြေဖြစ်၏။ Common Language Bible သို့ဖြစ်၍မောရှေကဣသရေလအမျိုးသား တို့အား``ဤနယ်မြေသည်ထာဝရဘုရားက သင်တို့အနွယ်ကိုးနွယ်နှင့် အနွယ်တစ်ဝက်တို့ အားသတ်မှတ်ပေးသောနယ်မြေဖြစ်၍ သင်တို့ သည်မဲချယူကြရမည်။- Garrad Bible မော ရှေ က၊ သင် တို့ အ နက် ကိုး နွယ် နှင့် တစ် ဝက် အား ပေး ဝေ ရန် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ လျောက် မဲ ကျ ၍ သင် တို့ ပိုင် ရ သည့် ပြည် ကား ထို သို့ တည်း။ Judson Bible မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတစ်ဝက်၌ ဝေပေးရသောပြည် ဖြစ်သတည်း။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
မြေကိုအမွေခွဲဝေသောအခါ သင်တို့သည် ထိုမြေထဲမှ မြေတစ်ကွက်ကို သန့်ရှင်းသောအလှူအဖြစ် ထာဝရဘုရားအဖို့ ခွဲထားရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။ ထိုမြေပတ်ပတ်လည်နယ်နိမိတ်သည်လည်း သန့်ရှင်းရမည်။
ထို့ကြောင့် ထာဝရဘုရား၏လူစုတော်တွင် သင့်အဖို့ နယ်မြေမဲချခွဲဝေပေးမည့်သူတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။
ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
ထိုမှ နယ်နိမိတ်သည် ဂျော်ဒန်မြစ်တစ်လျှောက်ဆက်သွား၍ ဆားပင်လယ်၌ ဆုံးရမည်။ ဤသည်ကား သင်တို့ပြည်၏နယ်မြေအပိုင်းအခြား ဖြစ်သည်”ဟု မိန့်တော်မူ၏။
သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။
ဤပြည်ကို အစ္စရေးအမျိုးအနွယ်ကိုးနွယ်နှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့ကို အမွေခွဲဝေပေးရမည်”ဟု မိန့်တော်မူ၏။