ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
တောလည် 33:35 - မြန်မာ့စံမီသမ္မာကျမ်း ဧဗြောနအရပ်မှ ခရီးပြု၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ Garrad Bible ဧ ဗြော န စ ခန်း မှ ချီ ပြန်၍ ဧ ဇ ယုန် ဂါ ဗာ မြို့၌ စွဲ ရပ် ကြ၏။ Judson Bible ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ |
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ယောရှဖတ်မင်းကြီးသည် တာရှုမြို့သို့ကုန်ကူးသောသင်္ဘောကိုဆောက်လုပ်ရန် အာခဇိမင်းကြီးနှင့် သဘောတူခဲ့ပြီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောများကို ဆောက်လုပ်ကြ၏။
အာမလက်လူမျိုးနှင့်ခါနာန်လူမျိုးတို့သည် ချိုင့်ဝှမ်း၌ နေထိုင်ကြသည်ဖြစ်၍ မနက်ဖြန် သင်တို့ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။