ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
တောလည် 33:2 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့၏ခရီးစဉ်အဆင့်ဆင့်ကို ရေးမှတ်ထား၏။ သူတို့၏ခရီးစဉ်အဆင့်ဆင့်ကား ဤသို့ဖြစ်၏။ Common Language Bible ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် အ ရ မော ရှေ ရေး ထား သော တပ် ချ ခြင်း၊ တပ် ချီ ခြင်း များ ကား၊ Judson Bible ထာဝရဘုရားအမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသောစာရင်းဟူမူကား၊ |
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့ခရီးပြုကြသည်မှာ ပထမအကြိမ်ဖြစ်၏။
အချက်ပေးသံကိုနောက်တစ်ကြိမ်မှုတ်လျှင် တောင်ဘက်၌ စခန်းချနေသောတပ်စခန်းတို့ ခရီးပြုရမည်။ တပ်စခန်းတို့ ခရီးပြုရန် အချက်ပေးသံအဖြစ် ခရာကိုမှုတ်ရမည်။
မောရှေနှင့်အာရုန်တို့၏ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှတပ်ဖွဲ့အလိုက်ထွက်လာသော အစ္စရေးအမျိုးသားတို့၏ခရီးစဉ်ကား ဤသို့ဖြစ်၏။
အစ္စရေးအမျိုးသားတို့သည် ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ရာမသက်အရပ်မှ ခရီးပြုကြ၏။ သူတို့သည် ပသခါပွဲလွန်ပြီးနောက်တစ်နေ့တွင် အီဂျစ်လူမျိုးအပေါင်းတို့၏ရှေ့မှ ဝင့်ကြွားစွာထွက်လာကြ၏။
(ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။)
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ထလော့။ သူတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်ကို သူတို့ဝင်ရောက်သိမ်းပိုက်ဖို့ သင်သည် သူတို့ရှေ့မှ ခရီးပြုလော့’ဟု မိန့်တော်မူ၏။