အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
တောလည် 33:16 - မြန်မာ့စံမီသမ္မာကျမ်း သိနာတောကန္တာရမှ ခရီးပြု၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စခန်းချကြ၏။ Garrad Bible သိ နာ တော မှ ချီ ပြန်၍ ကိ ဗြုတ် ဟ တ္တ ဝါ စ ခန်း၌ စွဲ ရပ် ကြ၏။ Judson Bible သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စခန်းချကြ၏။ |
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။
အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။
မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။