တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။
တောလည် 33:10 - မြန်မာ့စံမီသမ္မာကျမ်း ဧလိမ်အရပ်မှ ခရီးပြု၍ ပင်လယ်နီအနား၌ စခန်းချကြ၏။ Common Language Bible တစ်ဖန်သူတို့သည်ဧလိမ်စခန်းမှထွက် လာ၍ ဆူးအက်ပင်လယ်ကွေ့အနီးတွင် စခန်းချကြ၏။- Garrad Bible ဧ လိမ် မြိုင် မှ ချီ ပြန်၍ ပင် လယ် နီ ကမ်း ခြေ တွင် စွဲ ရပ် ကြ၏။ Judson Bible ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စခန်းချကြ၏။ |
တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။
မာရအရပ်မှ ခရီးပြု၍ ဧလိမ်အရပ်သို့ ရောက်ကြ၏။ ဧလိမ်အရပ်တွင် စမ်းရေတွင်း တစ်ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင် ခုနစ်ဆယ် ရှိ၏။ ထိုအရပ်၌ သူတို့စခန်းချကြ၏။