အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
တောလည် 32:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။ Common Language Bible ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။- Garrad Bible တိုင်း ပြည် ကို ရှု ကြည့် စေ ခြင်း ငှါ ကာ ဒေ ရှ ဗာ နာ မြို့ က ငါ စေ လွှတ် ခဲ့ သော သင် တို့ အ ဘ များ လည်း ထို သို့ ပြု လျက်၊ Judson Bible ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။ |
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ထိုမှ နယ်နိမိတ်သည် အကရဗ္ဗိမ်တောင်ကုန်း၏တောင်ဘက်သို့ကွေ့သွား၍ ဇိနတောကိုဖြတ်ပြီး ကာဒေရှဗာနာအရပ်သို့ရောက်ရမည်။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါအရပ်သို့ရောက်၍ အာဇမုန်အရပ်ကိုဖြတ်ရမည်။
(ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။)