မောရှေကလည်း ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့အား “သင်တို့၏အမျိုးသားချင်းတို့ စစ်တိုက်သွားနေစဉ် သင်တို့ ဤအရပ်၌ နေခဲ့ကြမည်လော။
ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
ဂဒ် အ နွယ်၊ ရု ဗင့် အ နွယ် သား တို့ အား မော ရှေ က၊ ဆွေ မျိုး သား ချင်း တို့ စစ် ချီ ကြ ခိုက် ကိုယ် တိုင် ဤ အ ရပ် တွင် ထိုင် နေ ကြ မည် လော။
မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
အကျွန်ုပ်တို့သည် သခင်၏ရှေ့၌ မျက်နှာရပါလျှင် ဤပြည်ကို သခင်၏အစေအပါးတို့အား ပိုင်ဆိုင်ရာမြေအဖြစ်ပေးပါ။ ဂျော်ဒန်မြစ်တစ်ဖက်သို့ အကျွန်ုပ်တို့မကူးပါရစေနှင့်”ဟု လျှောက်ကြ၏။
အစ္စရေးအမျိုးသားအား ထာဝရဘုရားပေးတော်မူသောပြည်သို့ သူတို့ ကူးသွားရမည်ကို သူတို့ စိတ်ပျက်အောင် အဘယ်ကြောင့် လုပ်ကြသနည်း။
မလျောက်ပတ်စွာမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအလွယ်တကူမထွက်တတ်။ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။
သိုးခြံထဲမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ သိုးထိန်းတို့၏ပလွေသံကို နားထောင်လိုသောကြောင့်လော။ ရုဗင်အမျိုးထဲတွင် အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။