ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
တောလည် 31:8 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။ Common Language Bible မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။ Garrad Bible ယောက်ျား တိုင်း ကို လုပ် ကြံ ရာ ဧ ဝိ၊ ရေ ကင်၊ ဇု ရ၊ ဟု ရ၊ ရေ ဘ တည်း ဟူ သော မိ ဒျန် မင်း ငါး ပါး ပြင် ဗော ရ သား ဗာ လမ် ကို လည်း ဓား ဖြင့် လုပ် ကြံ ကြ၏။ Judson Bible အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါးပါကြ၏။ ဗောရသားဗာလမ်ကိုလည်း ဓားနှင့်သတ်ကြ၏။ |
ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ဖြောင့်မှန်သောသူတို့၏သမာဓိသည် သူတို့ကိုဦးဆောင်လမ်းပြတတ်၏။ သစ္စာမဲ့သောသူတို့၏ကောက်ကျစ်စဉ်းလဲခြင်းမူကား သူတို့ကိုဖျက်ဆီးတတ်၏။
ဆိုးယုတ်သောစေတမန်သည် ဒုက္ခတွင်းထဲသို့ကျရောက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။
ဗာလမ်ကလည်း ဘုရားသခင်အား “ဇိဖော်၏သား မောဘဘုရင်ဗာလက်မင်းကြီးသည် အကျွန်ုပ်ထံသို့ လူလွှတ်၍
ထို့ကြောင့် မောဘလူမျိုးတို့သည် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့အား “နွားသည် ကွင်းပြင်မှမြက်ကို လာစားသကဲ့သို့ ယခု ဤလူအစုအဝေးသည် ငါတို့ပတ်ပတ်လည်၌ရှိသမျှကို လာစားလိမ့်မည်”ဟု ဆိုလေ၏။ ထိုကာလ၌ ဇိဖော်၏သားဗာလက်သည် မောဘပြည်၏ဘုရင်ဖြစ်၏။
ဗာလက်မင်းကြီးသည် ယူဖရေးတီးမြစ်အနီး မိမိအမျိုးသားချင်းတို့၏ပြည်ရှိ ပေသော်မြို့နေ ဗောရ၏သားဗာလမ်ကို ခေါ်ရန် စေတမန်တို့ကိုစေလွှတ်လျက် “လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ အကျွန်ုပ်အနား၌လည်း နေထိုင်ကြပြီ။
ယာကုပ်အမျိုးမြေမှုန့်ကို မည်သူရေတွက်နိုင်မည်နည်း။ အစ္စရေးလူမျိုး၏လေးပုံတစ်ပုံကို မည်သူရေတွက်နိုင်မည်နည်း။ ဖြောင့်မှန်သောသူတို့သေသကဲ့သို့ ငါသေပါရစေ။ ငါ၏နိဂုံးသည်လည်း သူ၏နိဂုံးကဲ့သို့ဖြစ်ပါစေ”ဟု ဆိုလေ၏။
ယခု ငါ့လူမျိုးထံသို့ ငါပြန်သွားမည်။ နောင်အခါ ဤလူမျိုးသည် သင့်လူမျိုးကို မည်သို့ပြုမည်ကို သင့်အား ငါသတိပေးခဲ့မည်”ဟု ဆို၍
ထို့နောက် ဗာလမ်သည် ထ၍မိမိနေရပ်သို့ ပြန်သွားလေ၏။ ဗာလက်မင်းကြီးသည်လည်း သူ့လမ်းသူပြန်သွားလေ၏။
အသတ်ခံရသောမိဒျန်အမျိုးသမီး၏အမည်မှာ ကောဇဘိဖြစ်၍ သူသည် မိဒျန်လူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုနှင့်ဆိုင်သောမျိုးနွယ်စု၏အကြီးအမှူးဖြစ်သော ဇုရ၏သမီးဖြစ်၏။
အကြောင်းမူကား သူတို့သည် ပေဂုရဘုရားအမှုအားဖြင့်လည်းကောင်း၊ ပေဂုရဘုရားအမှုကြောင့် ဘေးဒဏ်ကျရောက်သောနေ့၌ အသတ်ခံရသော သူတို့၏နှမ၊ မိဒျန်ခေါင်းဆောင်၏သမီးကောဇဘိအမှုအားဖြင့်လည်းကောင်း ပရိယာယ်ပြု၍ သင်တို့ကို ရန်ပြုခဲ့၏”ဟု မိန့်တော်မူ၏။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
အစ္စရေးအမျိုးသားတို့သည် မိဒျန်အမျိုးသမီးများနှင့် သူတို့၏ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့၏သိုးနွားတိရစ္ဆာန်အားလုံး၊ ဥစ္စာပစ္စည်းအားလုံးကိုလည်း သိမ်းယူကြ၏။
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။