ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
တောလည် 31:41 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။ Garrad Bible မော ရှေ သည်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မြှောက် ဆက် ရာ အ လှူ ဖြစ် သော ထို ပိုင် စု တော် ကို ပ ရော ဟိတ် ဧ လာ ဇာ သို့ အပ် ပေး လေ ၏။ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာအခွန်ကို ယဇ်ပုရောဟိတ်ဧလာဇာအား အပ်ပေးလေ၏။ |
ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
လူ တစ်သောင်းခြောက်ထောင်၊ ထိုလူတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ လူသုံးဆယ့်နှစ်ယောက် ဖြစ်၏။
စစ်ထွက်တိုက်သောသူတို့သိမ်းယူခဲ့သောပစ္စည်းထဲမှ အစ္စရေးအမျိုးသားတို့အား မောရှေခွဲဝေပေးသော တစ်ဝက်မှာ
တစ်စုံတစ်ဦး၏သန့်ရှင်းသောပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။ တစ်စုံတစ်ဦးက ယဇ်ပုရောဟိတ်အား ပေးလှူသောအရာသည် ယဇ်ပုရောဟိတ်အတွက်သာဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်ထံသို့ အစ္စရေးအမျိုးသားတို့ယူဆောင်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဖြစ်သည့် အလှူပစ္စည်းအားလုံးတို့သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။