ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
တောလည် 31:20 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။ Common Language Bible သင်တို့၏အဝတ်အင်္ကျီများနှင့်သားရေ၊ ဆိတ်မွေးသို့မဟုတ်သစ်သားဖြင့်ပြုလုပ် သောပစ္စည်းရှိသမျှတို့ကိုလည်းသန့်စင် စေရမည်'' ဟုဆို၏။ Garrad Bible သင် တို့ အ ဝတ် မှ စ သော သား ရေ၊ ဆိတ် မွေး၊ သစ် သား များ ဖြင့် လုပ် သော အ သုံး အ ဆောင် ဟူ သ မျှ နှင့် စပ် လျဉ်း ၍ လည်း အာ ပတ် ကင်း ခြင်း ကို ပြု ကြ လော့ ဟု မိန့် ဆို ပြီး လျှင်၊ Judson Bible သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့်ရက်သောအရာ၊ သစ်သားဖြင့်လုပ်သောအရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထားလေ၏။ |
ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
မစင်ကြယ်သောသူ ထိမိသောအရာမှန်သမျှသည် မစင်မကြယ်ဖြစ်၏။ ထိုအရာတို့ကို ထိမိသောသူသည်လည်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။
ထို့နောက် ယဇ်ပုရောဟိတ်ဧလာဇာသည် စစ်သွားတိုက်သောစစ်သူရဲတို့အား “မောရှေအား ထာဝရဘုရားမိန့်မှာထားသည့် ပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။