အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
တောလည် 31:16 - မြန်မာ့စံမီသမ္မာကျမ်း ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။ Common Language Bible ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။- Garrad Bible ဗာ လမ် အ ကြံ ပေး သည့် အ တိုင်း ပေ ဂု ရ နတ် အ မှု အ ရေး၌ ဣ သ ရေ လ အ မျိုး သား တို့ ကို ထာ ဝ ရ ဘု ရား အား လွန် ကျူး စေ၍ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တွင် ကပ် ရော ဂါ ရောက် စေ သော မိန်း မ များ ကား ဤ သူ တို့ တည်း။ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည်တကား။ |
အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
ယခု ငါ့လူမျိုးထံသို့ ငါပြန်သွားမည်။ နောင်အခါ ဤလူမျိုးသည် သင့်လူမျိုးကို မည်သို့ပြုမည်ကို သင့်အား ငါသတိပေးခဲ့မည်”ဟု ဆို၍
အကြောင်းမူကား သူတို့သည် ပေဂုရဘုရားအမှုအားဖြင့်လည်းကောင်း၊ ပေဂုရဘုရားအမှုကြောင့် ဘေးဒဏ်ကျရောက်သောနေ့၌ အသတ်ခံရသော သူတို့၏နှမ၊ မိဒျန်ခေါင်းဆောင်၏သမီးကောဇဘိအမှုအားဖြင့်လည်းကောင်း ပရိယာယ်ပြု၍ သင်တို့ကို ရန်ပြုခဲ့၏”ဟု မိန့်တော်မူ၏။
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။