မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ
တောလည် 30:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုကတိသစ္စာပြုခြင်း၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ခြင်းကို သူ၏ဖခင်ကြားသော်လည်း ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။ Common Language Bible သူ၏ဖခင်ကြား၍မတားမြစ်လျှင် သူသည် ကတိသစ္စာပြုထားသည်အတိုင်းတစ်သဝေ မတိမ်းဆောင်ရွက်ရမည်။- Garrad Bible ထို သို့ ပြု သည် ကို အ ဘ ကြား လျက် ဆိတ် ဆိတ် နေ လျှင် သ စ္စာ ဝတ် ထား သ မျှ၊ ချုပ် တည်း ရန် ဝန် ခံ သ မျှ အ တိုင်း တည် စေ။ Judson Bible ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည်ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။ |
မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ
သူ၏ဖခင် ကြားသောနေ့၌ သူ့ကိုဟန့်တားလျှင်မူကား သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး မတည်ရ။ သူ၏ဖခင် သူ့ကိုဟန့်တားသောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။