Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 30:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​၏​ဖခင် ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​လျှင်​မူကား သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး မ​တည်​ရ​။ သူ​၏​ဖခင် သူ့​ကို​ဟန့်တား​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ရာ​တွင်​သူ​၏​ဖ​ခင်​ကြား​၍​တား​မြစ်​ပါ​မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန်​မ လို။ ဖ​ခင်​၏​တားမြစ်​မှု​ကြောင့်​က​တိ​သစ္စာ​ပျက် ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ဘ သည် ကြား သော နေ့၌ မြစ် တား လျှင် မူ ကား သ စ္စာ ဝတ် ထား သ မျှ၊ ချုပ် တည်း ရန် ဝန် ခံ သ မျှ မ တည်။ အ ဘ မြစ် တား သည့် အ တွက် ထာ ဝ ရ ဘု ရား ချမ်း သာ ပေး တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သို့​မ​ဟုတ် အ​ဘ​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား​မည်​မျှ၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ အ​ဘ​မြစ်​တား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား လွှတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 30:5
8 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ငါ​သည် ယဇ်ပူဇော်​ခြင်း​ထက် မေတ္တာကရုဏာ​ကို နှစ်သက်​၏​။ မီးရှို့ရာယဇ်​ထက် ဘုရားသခင်​နှင့်​သိကျွမ်း​ခြင်း​ကို နှစ်သက်​၏​။


သူ​၏​ယောက်ျား ကြား​သော်လည်း သူ့​အား ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​ဟန့်တား​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။


ထို​ကတိသစ္စာ​ပြု​ခြင်း​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ခြင်း​ကို သူ​၏​ဖခင်​ကြား​သော်လည်း ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။


ထို​မိန်းမ​သည် ယောက်ျား​ရ​ပြီးမှ ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ စကား​ကို​အလျင်စလို​ပြော​၍ မိမိကိုယ်မိမိ ချည်နှောင်​လျှင်​ဖြစ်စေ


သူ​၏​ယောက်ျား ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​၍ သူ​ပြု​ထား​သော​ကတိသစ္စာ​နှင့် အလျင်စလို​ပြော​သော​စကား​ဖြင့် မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​ကို ပယ်ဖျက်​လျှင်​မူကား ထာဝရဘုရား​သည် ထို​မိန်းမ​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။


သားသမီး​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​မိဘ​စကား​ကို နားထောင်​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် မှန်ကန်​သော​အမှု​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ