လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
တောလည် 30:13 - မြန်မာ့စံမီသမ္မာကျမ်း ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ်ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။ Common Language Bible သူ၏ခင်ပွန်းသည်သူပြုခဲ့သောကတိ သစ္စာကို တည်စေနိုင်ခွင့်နှင့်ပယ်ဖျက်ပိုင်ခွင့် ရှိ၏။- Garrad Bible လင် သည် သ စ္စာ ဝတ် ထား သ မျှ၊ ခြိုး ခြံ ရန် ကျိန် ဆို သ မျှ ကို တည် စေ ခွင့်၊ ပယ် ဖျက် ခွင့် ရှိ၏။ Judson Bible ခပ်သိမ်းသောသစ္စာကတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သောအခွင့် ရှိ၏။ |
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
“သတ္တမလ၊ ဆယ်ရက်နေ့သည် အပြစ်ဖြေလွှတ်ခြင်းနေ့ဖြစ်၏။ သင်တို့အတွက် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။
ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။
ဤသတ္တမလ၊ ဆယ်ရက်နေ့၌ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကို ငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။
သူ၏ယောက်ျား ကြားသောနေ့၌ ဧကန်ပယ်ဖျက်လျှင်မူကား သူ၏ကတိသစ္စာများဖြစ်စေ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားများဖြစ်စေ သူ၏နှုတ်မှထွက်သောစကားအားလုံး မတည်ရ။ သူ၏ယောက်ျား ပယ်ဖျက်ပြီဖြစ်သောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
သူ၏ယောက်ျားသည် ကြားသောနေ့မှစ၍ နောက်နေ့များတွင်လည်း သူ့အား ဘာဆိုဘာမျှမပြောဘဲနေလျှင် ထိုယောက်ျားသည် မယားပြုသောကတိသစ္စာအားလုံး၊ ဝန်ခံချက်အားလုံးကို တည်စေရာရောက်၏။
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
ထို့အတူ ယောက်ျားကို မိန်းမအတွက်ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားအတွက်ဖန်ဆင်းတော်မူ၏။
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။