သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
တောလည် 30:10 - မြန်မာ့စံမီသမ္မာကျမ်း မိမိယောက်ျား၏အိမ်၌နေစဉ် ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆို၍ မိမိကိုယ်မိမိ ကတိစကားဖြင့်ချည်နှောင်လျှင်ဖြစ်စေ Common Language Bible လင်ရှိမိန်းမသည်တစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုခဲ့သော်သူ၏ခင်ပွန်း ကြား၍မတားမြစ်လျှင်၊- Garrad Bible လင် ရှိ သော မိန်း မ ကား သ စ္စာ ဝတ် ထား ခြင်း၊ ချုပ် တည်း ရန် ကျိန် ဆို ခြင်း ပြု သည် ကို၊ Judson Bible လင်အိမ်၌ရှိစဉ်အခါ၊ သစ္စာကတိပြုသော်လည်းကောင်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်လည်းကောင်း၊ |
သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။
မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။
သူ၏ခင်ပွန်းဧလကာနကလည်း “သင်ကောင်းသည်ဟုထင်သည့်အတိုင်း ပြုပါ။ သူငယ်နို့ပြတ်သည်အထိ နေပါ။ ထာဝရဘုရားသည် ကတိထားသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။ ထို့ကြောင့် ဟန္နနေခဲ့၍ မိမိ၏သားကို နို့ပြတ်သည်အထိပြုစုစောင့်ရှောက်လေ၏။