မြည်းမှ အဦးဆုံးပေါက်သောအကောင်ကို သိုးသငယ်ဖြင့် ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကို ချိုးရမည်။ သင်၏သားများထဲမှ သားဦးရှိသမျှကို ရွေးရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
တောလည် 3:45 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ Common Language Bible ``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။- Judson Bible ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်းယူလော့။ လေဝိသားတို့သည် ငါ၏လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
မြည်းမှ အဦးဆုံးပေါက်သောအကောင်ကို သိုးသငယ်ဖြင့် ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကို ချိုးရမည်။ သင်၏သားများထဲမှ သားဦးရှိသမျှကို ရွေးရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထိုအခါ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တည်စေရန် ဤပညတ်ချက်တို့ကို သင်တို့အား ငါပေးခဲ့ကြောင်းကို သင်တို့ သိရကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။