ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
တောလည် 3:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သန့်ရှင်းရာဌာန၏အမှုကိစ္စကို ဆောင်ရွက်ရသူများဖြစ်၏။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို စာရင်းကောက်ရာတွင် ရှစ်ထောင့်ခြောက်ရာ ရှိ၏။ Common Language Bible အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။- Garrad Bible တစ် လ ကျော် သား ပါ ယောက်ျား ဟူ သ မျှ အ ရေ အ တွက် အ တိုင်း သန့် ရှင်း ရာ ဌာ န တော် အ မှု ကို ဆောင် ရွက် ရ သော လူ ပေါင်း ကား ရှစ် ထောင့် ခြောက် ရာ ရှိ သ တည်း။ Judson Bible တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။ |
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
ကောဟတ်သားမြေးတို့၏မျိုးနွယ်စုများသည် ကိန်းဝပ်တော်မူရာတဲတော်အနား တောင်ဘက်အရပ်၌ စခန်းချရမည်။
သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏အမှုဖြစ်သော အာရုန်နှင့်ဆိုင်သောအလုပ်၊ လူထုအပေါင်းတို့နှင့်ဆိုင်သောအလုပ်တို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ လုပ်ဆောင်ရမည်။