အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
တောလည် 3:16 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။ Common Language Bible မောရှေလိုက်နာဆောင်ရွက်လေ၏။- Garrad Bible မော ရှေ သည် မိန့် မှာ တော် မူ ချက် အ ရ စာ ရင်း ကောက် သော်၊ Judson Bible မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။ |
အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
“လေဝိအမျိုးသားတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် ရေတွက်လော့။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို ရေတွက်ရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်သောကောဟတ်မျိုးနွယ်စုများ၏အရေအတွက် ဖြစ်၏။
ဤသည်ကား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်သော ဂေရရှုန်မျိုးနွယ်စု၏အရေအတွက် ဖြစ်၏။
ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် မေရာရိသားမြေးတို့၏မျိုးနွယ်စုအရေအတွက် ဖြစ်၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။