ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
တောလည် 29:17 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယနေ့၌ အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။ Common Language Bible ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။- Garrad Bible ဒု တိ ယ နေ့၌ ကြန် အင် စုံ သော နွား ပေါက် ဆယ့် နှစ် ကောင်၊ သိုး ထီး နှစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ဆယ့် လေး ကောင် ကို လည်း ကောင်း၊ Judson Bible ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ |
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
ထာဝရဘုရားသည် ထိုအမှုကို နွားတည်းဟူသော ချိုနှင့်ခွာများဖြင့်ပြည့်စုံသောနွားထီးထက် နှစ်သက်တော်မူလိမ့်မည်။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ထာဝရဘုရားက “သင်တို့၏များစွာသောယဇ်တို့သည် ငါ့အတွက်မည်သည့်အကျိုးရှိသနည်း။ မီးရှို့ပူဇော်သောသိုးထီး၊ ဆူဖြိုးသောတိရစ္ဆာန်၏အဆီကို ငါမလိုတော့ပြီ။ နွားထီး၊ သိုးသငယ်၊ ဆိတ်ထီးတို့၏သွေးကိုလည်း ငါမနှစ်သက်။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ရှစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြု၍ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ဤနေ့ကား ဓမ္မစည်းဝေးပွဲနေ့ကြီးဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။