Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 29:17 - Common Language Bible

17 ဒု​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့် လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဒု တိ ယ နေ့၌ ကြန် အင် စုံ သော နွား ပေါက် ဆယ့် နှစ် ကောင်၊ သိုး ထီး နှစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ဆယ့် လေး ကောင် ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဒု​တိ​ယ​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​ဆယ်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဒုတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်​နှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 29:17
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ ယဇ်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သည်​တောင်း​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ကိုယ်​တော်​အား ကြား​ရန် ကျွန်​တော်​မျိုး​အား​နား​ကို​ပေး​တော်​မူ​ပါ​ပြီ။


ယင်း​သို့​ပြု​သည်​ကို​ထာ​ဝ​ရ​ဘု​ရား​သည် နွား​ပူ​ဇော်​သ​ကာ​ထက်​ပို​၍​နှစ်​သက်​တော် မူ​လိမ့်​မည်။ ထွား​ကြိုင်း​သန်​မာ​သော​နွား​လား​ကို​ပူ​ဇော် သည်​ထက် ပို​၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။


သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-


ကိုယ်​တော်​က`သင်​တို့​ဆက်​ကာ​ဆက်​ကာ​ပူ​ဇော်​လျက်​ရှိ​သည့်​ယဇ်​တို့​ကို​ငါ​အ​လို​ရှိ​တော်​မူ​သည်'' ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​သိုး​များ​နှင့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​တို့​၏​ဆီ​ဥ​များ​ကို​ငါ​ငြီး​ငွေ့​တော်​မူ​ပြီ။ သိုး​နွား​ဆိတ်​တို့​၏​သွေး​များ​ကို​လည်း​ငါ​မ​နှစ်​သက်​တော့​ပေ။-


ငါ​သည်​သင်​တို့​၏​ယဇ်​ကောင်​ပူ​ဇော်​ခြင်း​ကို အ​လို​မ​ရှိ၊ သင်​တို့​၏​မေတ္တာ​ကို​သာ​အ​လို​ရှိ ၏။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား​မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​ထက်​ငါ့​အား​သိ​ကျွမ်း​ခြင်း ကို​သာ​အ​လို​ရှိ​၏။''


ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။


ပ​ထ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-


သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။-


ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ